Skip to main content

Posts

Showing posts from February, 2019

လူသားပြဿနာ

ခရစ်နှစ် ၂၀၅၀ခန့်မှစ၍ ကမ္ဘာ့အခြေအနေသည် စစ်မက်ဖြစ်ပွားဖို့ဘက် ပို၍ ဦးတည်လာတော့သည်။ ရေနံပေါ်တွင် မူတည်၍ နိုင်ငံအချင်းချင်း ပြဿနာတွေ အကြီးအကျယ် တက်လာကြရာ နောက်တက်လာသောခေါင်းဆောင်များသည် အာဏာရှင်ဆန်ဆန်တွေချည်းဖြစ်လာကြသည်။ ပြည်သူလူထုကလည်း အခြားနိုင်ငံများကို နှိပ်ကွပ်နိုင်မည့် ခေါင်းဆောင်များကိုသာ အလိုရှိကြတော့သည်ဖြစ်ရာ အာဏာရှင်တွေကိုသာ အပြတ်အသတ်ထောက်ခံကြတော့သည်။ လက်သီးလက်မောင်းတန်း၍ “ရေနံမပေးရင်ချမယ်” ဆိုသည်များနှင့် “ရေနံတော့မပေးနိုင်ဘူး။ ငါတို့ကို မချခင် ငါတို့ကအရင်ချမယ်” ဆိုသည်များသာ သတင်းတို့၌ နေရာယူလာတော့သည်။ ကံအားလျော်စွာပင် ကျွန်တော်တို့မြန်မာနိုင်ငံသည်ကား ဗုဒ္ဓဘာသာထွန်းကားသည့်အလျောက် ရောင့်ရဲတတ်ခြင်းနှင့် ဇီဝဒီဇယ်များ အလျှံပယ်ရှိနေမှုကြောင့် အထက်ပါကိစ္စရပ်များမပေါ်ပေါက်ဘဲ ရှေးကအတိုင်းသာ ငြိမ်းချမ်းသာယာလျက်ရှိသည်။ ၂၀၇၀ခုနှစ်တွင်ကား အခြေအနေသည် မည်သို့မှ တားဆီးနိုင်ခြင်းမရှိသော စစ်ဆီသို့ရောက်ရှိသွားသည်။ နျူကလီးယားဗုံးများကို အသုံးချမှုကြောင့် လူသန်းပေါင်းများစွာ သေကြေပျက်စီးခြင်းသို့ရောက်ရသည့်တိုင် စစ်ကား မရပ်နိုင်သေးပေ။ လူတစ်ယောက်မှ ရှင်ကျန်နိုင်ဖွယ်မရှိသော အခြေအနေကြောင့် ယခုအချိန...

ထိပ်တန်းလျှို့ဝှက်ကိစ္စကြီး

ဆရာကြီးမင်းသိင်္ခရဲ့ စာတွေလိုအစပျိုးရရင်တော့ မြန်မာပြည် မြေလတ်ပိုင်းရှိ ရွာကြီးတစ်ရွာတွင်ပေါ့ဗျာ။ အဲဒီရွာမှာ ရိုးသားကြိုးစားတဲ့ လူငယ်လေးတစ်ယောက်က ပညာကိုလည်း ကြိုးစားပြီး ရပ်ရေးရွာရေးဆောင်ရွက်ရင်းနဲ့ အားလုံးကြိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရွာရဲ့ သူကြီးပေါ့ဗျာ။ ပြဿနာက သူ ခေါင်းဆောင်ဖြစ်တာမဟုတ်ပါဘူး။ သူကွယ်လွန်သွားပြီးတဲ့နောက်မှာ သူ့ရဲ့သားတော်မောင်က ဆက်ပြီး သူကြီးဖြစ်သွားတဲ့ကိစ္စပါ။ တချို့က မကြိုက်ကြသလို တချို့ကျတော့လည်း အားကိုးစရာမှမရှိတာ သူသာလျှင် မျိုးရိုးကောင်းပြီးတော့ စုမိဆောင်းမိလေးတွေလည်း ရှိတော့ ရပ်ရွာအတွက် အချိန်ပေးနိုင်တယ်ဆိုပြီး သဘောကျကြတယ်။ ဒီလိုနဲ့ နေနေကျတာ ပြဿနာ အထူးအထွေရယ်လို့မဖြစ်သေးပါဘူး။ တစ်နေ့ မတိုင်ခင်အထိပေါ့လေ။ ပြဿနာတွေ စလာတဲ့ တစ်နေ့မတိုင်ခင်ထိတော့ ပြဿနာရယ်လို့ မရှိသေးပါဘူး။ ပြဿနာရဲ့အစမှာတော့ အရင်ကတည်းက တိုးတိုးတိတ်တိတ်ကြားနေခဲ့ဖူးတဲ့ သတင်းလေးက တဖြည်းဖြည်းကျယ်လာတာကနေပြီးတော့ နောက်ဆုံးမှာ ပေါက်ကွဲထွက်သွားရာကနေ အစပြုတော့တာပါပဲ။ တချို့ကျတော့လည်း ပုပ်လို့ပေါ် ဟုတ်လို့ကျော်ပါပေတယ် ကောင်းချီးပေးကြတာပေါ့ဗျာ။ တချို့ကျတော့လည်း ဒါကြီးကိုတော့ဖြင့် မပြောသင့်ပါဘူ...