Skip to main content

Posts

Showing posts with the label မဟေသီ

တရားခွင်

အမျိုးသမီး ၏ပုံစံကရဲတင်းလွန်းသည်။ မထီမဲ့မြင်သဘောနှင့် ခေါင်းကိုမော့ထားသည်က မထီမဲ့မြင်နိုင် သည်လား၊ မျက်ရည်မကျအောင်ထိန်းထားသည်ပဲလား တွေးကြည့်ချင်စရာပင်ဖြစ်သည်။ အားလုံးသောလူတွေ၏ အကြည့်မှာ သူ့အပေါ်တွင် ရွံရှာမုန်းတီးမှုတွေအပြည့်နှင့်ဖြစ်လာမည်ကို ကြိုမသိ၍တော့မဟုတ်လောက်။ သူ့ပုံစံ က IQ အနည်းဆုံး ၁၅၀ ကျော်လောက်ရှိမည့်ပုံမှာရှိနေသည်။ တရားသူကြီးဝင်လာတော့မှ လူအုပ်ကြီးတစတစငြိမ်သက်သွားသည်။ မကြုံစဖူးအမှုမို့ လူတိုင်းကလာ ရောက်၍တရားခံကိုကြည့်ချင်နေကြရာ ဘောလုံးကွင်းကိုပင်တရားရုံးလုပ်ပစ်လိုက်ရသည်။ ရုပ်မြင်သံကြားမှာ တိုက်ရိုက်လွှင့်တာကိုလည်း ဝိုင်းကြည့်နေကြသူတွေနည်းလိမ့်မည်မဟုတ်။ အမှုက ကမ္ဘာကိုဖျက်ဆီးရန်ကြံစည်မှု နှင့် အခြားအမှုတွေကိုပါ စွဲချက်တင်ထားရာ တစ်ကမ္ဘာလုံးအတွက် သေရေးရှင်ရေးနေ့ရက်ကြီးပင်ဖြစ်တော့သည်။ ရှေ့နေကြီးကထပြီး တရားခံကိုလှမ်း၍မေးတော့သည်။ သူတို့တွေလည်း တရားရုံး၏လုပ်ငန်းစဉ် ပြုမြဲကျင့် ဝတ်တို့ကိုဘေးချိတ်ပြီး အတိုဆုံး၊ အထိရောက်ဆုံးနည်းလမ်းကိုသာ ကျင့်သုံးကြတော့သည်။ “မင်းလုပ်ခဲ့တာ ကမ္ဘာကြီးပျက်စီးသွားနိုင်တယ်သိရဲ့လား” အမျိုးသမီးက စူးစူးရဲရဲပြန်ကြည့်သည်။ ဘာမှပြန်မပြော။ “...

လက်သည်းရာ

အိမ်ကလေးက တိတ်ဆိတ်သည်။ လုံခြုံသည်။ ကြမ်းတမ်းပြင်းထန်သော ရာသီဥတုကြားတွင် အထီးတည်းပေမယ့်  သာယာဝေစည်သည်။ အနည်းဆုံးတော့ ကျွန်တော့်အတွက် ပျော်စရာကောင်းသော အိမ်ကလေးဟု ဆိုနိုင်သည်။ ကြမ်းတမ်းလှသော ဆောင်းရာသီတွေဆိုလျှင် အဘွားက ကျွန်တော်တို့မောင်နှမတွေကို  အပြင်ပေးမထွက်တော့။ အိမ်တံခါးအားလုံးကို လုံခြုံအောင် ဆွဲပိတ်လိုက်ပြီး အိမ်ထဲက မီးဖိုနံဘေးမှာသာ အချိန်တိုင်း ရှိနေစေခဲ့သည်။ “နှင်းတွေက ဖွေးနေအောင် အဆုပ်လိုက် အဆုပ်လိုက်ကျနေသတဲ့” အဘွား၏ပုံပြင်ကိုနားထောင်ရင်း နှင်းတောကြီးကို စိတ်ကူးထဲ မြင်မိသည်။  အပြင်မှာကော ဒီ လိုပဲလားဆိုတာကို  မသိတော့တာ အတော့်ကိုကြာခဲ့ပြီဖြစ်သည်။ အပြင်မှာ တအားအေးတယ်ဆိုသော စကားကိုပဲ သိရသည်။  အေးသည်ဆိုသော အဓိပ္ပာယ်ကိုပင် မီးလှုံသည်ဟူသောစကားလုံးနှင့် တွဲလျက် သိခဲ့ကြရသည်သာဖြစ်သည်။  ခုလည်း အပြင်မှာ သိပ်အေးနေသည်။ “သိပ်အေးတဲ့ရာသီဥတုမှာ ဘယ်သူမှ အပြင်မထွက်ကြဘူး။  အအေးဒဏ်ကိုခံနိုင်တဲ့ လူပုလေး တစ်ယောက်ကတော့  နှင်းတွေထဲကို ထွက်လာတယ်” အိမ်လေးထဲမှာ တဖျစ်ဖျစ်မြည်နေသော မီးတောက်သံနှင့် အဘွား၏ပုံပြောသံမှအပ ဘာကိုမှ မကြားရ။  ကျွန်တော်တို့အားလုံးလည်း...