Skip to main content

Posts

Showing posts with the label Teen

ကြောက်ရွံ့ခြင်းနေ့စွဲများကို ကျော်ဖြတ်ချိန်

သူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်တယ်။ သူ့ရှေ့ကလက်ဖက်ရည်အေးစက်စက်ကိုလည်း ကုန်အောင် မသောက်သေးဘူး။ ကျွန်တော့်လက်ဖက်ရည်က ကုန်နေပြီ။ ကျွန်တော်က ပြန်ချင်နေပြီ။ ဒီဆိုင်မှာဆက်မထိုင်ချင် တော့ဘူး။ ယင်ကောင်တွေကလည်း ခွက်တွေပေါ်နားလိုက်၊ ခုံတွေပေါ်နားလိုက်။ ခြေထောက်ပေါ်လာနားရင်တော့ ရွ့စိ ရွစိနဲ့ နေရခက်တယ်။ ရွံကလည်းရွံတော့ ခြေထောက် ခါလိုက်လှုပ်လိုက်နဲ့ ယင်မောင်းနေရတယ်။ သူကတော့ သူ့ခြေမ မှာ ယင်ကောင်နှစ်ကောင်နားနေတာတောင်မှ ဘာခံစားမှုမှမရှိတဲ့ပုံပဲ။ သူ့ကိုကြည့်ပြီးတော့ အူတွေယားလာတယ်။ ဒါ ပေမယ့်လည်း ကျွန်တော့်ခြေထောက်ပေါ်ကယင်ကိုမောင်းဖို့တော့ နည်းနည်းတွန့်သွားပြီ။ သိပ်သန့်နေတယ်ပေါ့လေ ဆိုတဲ့ သရော်တော်တော်အကြည့်မျိုးနဲ့ကြည့်လာမှာကို ကျွန်တော်သိပ်ကြောက်တယ်။ ကျွန်တော်ဟာ သူနဲ့အတူတူပဲ။ ဒါမှမဟုတ် သူ့လိုဖြစ်အောင်ကြိုးစားနေတယ်ဆိုတာ သူသိစေချင်တယ်။ သူက အဲဒါမျိုးဆိုကြိုက်တတ်တော့ တကယ် မလုပ်ဖြစ်ရင်တောင် သူ့ဘက်က အဲဒီလိုပဲ ထင်စေချင်တယ်။ တော်တော်တော့နေရခက်တယ်။ ခြေထောက်က ရွစိ ရွစိနဲ့ မသတီနိုင်တဲ့စိတ်က။ အာရုံပြောင်းဖို့ကြိုးစားနေရတယ်။ လမ်းမကြီးကိုငေးနေဖို့ပဲဖြစ်ဖြစ်၊ တောင်စဉ်ရေမရတွေးနေဖို့ပဲဖြစ်ဖြစ်ပေါ့။ ပြန်ချင်တဲ့စိတ်ကို...

သတင်း

“မောင်ခင်ရေ လွတ်လပ်ရေးကြီးရတော့မယ်တဲ့ဟ” ဦးကြီးဘ၏စကားကိုကြားတော့ မောင်ခင်ကရယ်သည်။ “တော်ပါတော့ ဦးကြီးရယ်။ ဟိုတစ်ခါလည်း လွတ်လပ်ရေးပေးပြီးတော့ ပါးရိုက်ခံရတာပဲ။ လွတ်လပ်ရေးဆိုတာ  ပါးရိုက်တာကိုပြောတာလား” “ဟိုတစ်ခါက အတု၊ ဒီတစ်ခါက အစစ်ဟ မောင်ခင်ရ” ဤသတင်းသည် ဤအတိုင်းပင် ရွာထဲ၌ပျံ့နေတော့သည်။ လွတ်လပ်ရေးဆိုသည်ကို  ဂျပန် တွေ ပါးရိုက်သည်နှင့်သာ  သိကြရသောရွာသားတို့မှာကား လွတ်လပ်ရေးရလို့မှ ပျော်ရကောင်းမှန်း မသိ။ “လွတ်လပ်ရေးရပြီဆိုတော့ တို့သူကြီး ဦးဆယ်ကြီးက ဘာလုပ်မှာလဲ” မေးသူက မေးကြသေးသည်။ ဖြေသူခမြာလည်း ကြိုးစားပြီးဖြေရရှာသော်ငြား သူ့ခမြာ သိပ် မသိလှ။ “သူကြီးကတော့ သူကြီးပဲလုပ်မှာပေါ့ကွ။ ဒီလူကြီးက သူကြီးအလုပ်ကလွဲပြီး ဘာမှလုပ်တတ် ရှာမှာမဟုတ်ဘူး” ဤသို့လျှင် ရွာကလေး၌ သတင်းကပျံ့နှံ့ဂယက်ထ၍နေတော့သည်။  ထိုသို့ပျံ့နှံ့၍ လူပြော များလှသော သတင်းကိုပင် လူတိုင်းမေ့သွားလောက်အောင်ထူးခြားလှသောသတင်းတစ်ပုဒ် ထွက်လာ လေ၏။  ထိုသတင်းကား  သူကြီးဦးဆယ်ကြီးနှင့် ရွာဘုန်းကြီးဦးဆန္ဒတို့၏သတင်းပင်ဖြစ်သည်။ “ဦးဆယ်ကြီးနဲ့ ဦးဆန္ဒတို့ နာရီလုကြတာတဲ့” တစ်ယောက်သောသူ၏အပြောတွင် စဉ်းစားရှာ ကြသူတို့က  ဝင...

စွန်

ကောင်းကင်တွင် ဝဲ၍နေသောမည်းမည်းကွက်ကွက်ကလေးကို ပြတင်းပေါက်မှ လှမ်းမြင်နေရသည်။ တိမ် တွေမရှိသောကောင်းကင်သည် အပြာရောင်ဖျော့တော့လွန်းကာ အရောင်မဲ့ပြီး မီးခိုးရောင်ပြောင်းတော့မလို ထင်ရ သည်။ စူးရှသောနေရောင်အောက်တွင် အရောင်လွင့်သွားသည်လားမသိ။ ခပ်မည်းမည်းအရာလေးကိုတော့ နေ ရောင်က လက်လျှော့ထားလေသည်လား၊ အစွမ်းကုန်ထိုးလိုက်လို့မည်းသွားသည်လား။ သူကတော့ ညင်သာစွာ ဝေ့ဝဲ နေသည်။ ဘာအရောင်လဲ၊ ဘာပုံစံရှိလဲကိုတောင် မမြင်ရပေမယ့် သူကတော့ ဝဲမြဲဝဲ၍နေသည်။ “ကဲ ဆိုပါဦး။ မင်းဘာဖြစ်လို့ ကျောင်း ဒီလောက်တောင် ပျက်နေရတာလဲ” သက်ပြင်းချလိုက်သလို လေးလံနေသည့်အပြင် အပူငွေ့တွေလည်း ပါနေသည်။ ထိန်းထားရသောဒေါသတို့ တငွေ့ငွေ့လောင်နေသည်လားမသိ။ ရှုပ်ယှက်ခတ်နေသာစိတ်ထဲတွင် အမျိုးအမည်မသိနိုင်သော ဝေဒနာတွေက လည်း ရစ်ဝဲ၍နေပုံရသည်။ စာရွက်ပေါ်တွင် ရေးထားသောစာရွက်စာရင်းကို ပြန်ကြည့်ရင်းနှင့်မှ ရှေ့ကရပ်နေသူကို နောက်တစ်ကြိမ်ပြန်ကြည့်သည်။ ဒီတစ်ကြိမ်အကြည့်တွေက ပိုပြီးစူးရှလိမ့်မည်။ သို့သော်လည်း အကြည့်ခံရသူက တော့ တုန်လှုပ်မှုမရှိ။ အရာအားလုံးသည် သူနှင့်မဆိုင်သလိုပင် ထီမထင်မျက်နှာထားဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ငေးနေ သည်။ ဝဲကျနေသော ဆံပင်ရှည်တွေထဲတွင်...

ကျွန်တော်နှင့်နာရီ

မိုးတွေရွာသောတစ်နေ့တွင် နာရီဝယ်ဖို့ကျွန်တော်အိမ်ကထွက်လာသည်။  မိုးတွေရွာနေတုန်းမှာပင်   မအောင့်အီးနိုင်အောင်ဘာကတွန်းအားပေးနေသည်လဲတော့ ကျွန်တော်မမှတ်မိတော့။  ကျွန်တော်မှတ်မိနေသည် က  မိုးရေတွေကြားမှာပင် နာရီကလေးကိုပတ်ထားခဲ့ရခြင်းဖြစ်သည်။ နာရီဝယ်ချင်စိတ်ကလည်း ထူးဆန်းသည် ဟုတော့ဆိုနိုင်သည်။  ဘယ်လိုနာရီမျိုးဆိုသည်ကို ထူးထူးခြားခြားမတောင့်တမိ။ အဝိုင်း လေးထောင့် စသဖြင့်  ကြိုတင်စဉ်းစားထားခြင်းမရှိ။ နာရီတစ်လုံးလောက်ကို လက်တွင်ပတ်ချင်နေခြင်းသက်သက်ပင်ဖြစ်သည်။ ဆွစ်ဇာလန်ထုတ်နာရီကိုမှ လိုချင်ရလောက်အောင် ကျွန်တော်မချမ်းသာခဲ့၊ မရူးသွပ်ခဲ့ပါ။ ဒစ်ဂျစ်တယ်  ဂဏန်းပြနာရီ  ဂျပန်ဖြစ်မှဟူ၍လည်း စိတ်တွင်မရှိခဲ့။  လက်တံနှင့်နာရီကိုပင်ဝယ်ရမည်လား လမ်းလျှောက်ရင်း နှင့်မှ စဉ်းစားမိသည်။  ဂဏန်းပြသောနာရီသည် ကလေးကလားနိုင်လှသည်ဟု တွေးမိသော်လည်း အဲဒီအချိန် တုန်းက  ကျွန်တော့်အသက်က  ၁၇ နှစ်လောက်ပဲရှိပေလိမ့်မည်။  ယခုပြန်တွေးကြည့်လျှင် အရှည်တွေးမိသည် ဟုဆိုရမည်လား၊  ကြောင်တောင်တောင်နိုင်သည်ဟု ဆိုရမည်လား တစ်လှည့်စီလိုလိုပင်ဖြစ်နေသည်။ ဖြစ်ပြီး သွားသောအရာများကို...