Skip to main content

Posts

Showing posts with the label ရွှေအမြုတေ

လရောင်အောက်

လရောင်က လင်းလင်းချင်းချင်း သာလို့နေသည်။ သစ်ရွက်ကြိုသစ်ရွက်ကြားမှ လမင်းကို လှမ်းကြည့်ရင်း ဒုက္ခခံနေရသည်ဟု မြင်ရမည်လား၊ ဒုက္ခရောက်သွားရသည်ဟု မြင်ရမည်လား စဉ်းစားနေမိသည်။ သူ လိုချင်တောင့်တ စွာဖြင့် တစိုက်မတ်မတ်လိုက်လုပ်နေခဲ့သည်ကို မရခဲ့ပါက သူ ဒုက္ခရောက်သွားရသည်ဟု ဆိုရပေလိမ့်မည်။ ရလာလျှင် တော့ အပင်ပန်းအဆင်းရဲခံပြီးရယူနိုင်ခဲ့သော အောင်ပွဲဖြစ်သွားပေလိမ့်မည်။  နေ့လယ်ကတည်းကပျောက်သွားသော သူ့အဖော်ကကော ဘယ်ရောက်နေသည်လဲ။ သူ့လိုပင် တောကြီး မျက်မည်းထဲ၌ တစ်ယောက်တည်းရှိနေလိမ့်ဦးမည်ဟု မျှော်လင့်ရသည်။ ဒုက္ခအားလုံး၏အစဖြစ်သော နှင်းခြင်္သေ့ဆို သည်ကရော ဘယ်မှာလဲ။ တကယ်တမ်းကျတော့ ထိုသို့ပြောလိုက်ခြင်းသည် နှင်းခြင်္သေ့အပေါ်တွင် မတရားရာ ရောက်သည်။ သူတို့ကသာလျှင် ကမ္ဘာပေါ်တွင် မျိုးတုံးပျောက်ကွယ်သွားပြီဟု ပြောနေကြပြီးမှ တွေ့လာသည့် နှင်း ခြင်္သေ့နောက်ကို လိုက်လာကြခြင်းမို့ သူတို့ကိုယ်တိုင်သည်ပင် ဒုက္ခ၏အကြောင်းခံဟု မြင်နိုင်သည်။ မနေ့က သူတို့တောထဲဝင်လာချိန်တွင် ဘယ်လိုမှဖျောင်းဖျ၍မရသော ဒေသခံလမ်းပြ၏စကားကို နားထောင် သင့်သည်ဟုပဲ တွေးရမလိုဖြစ်နေသည်။ ထိုလမ်းပြကလည်း သူတို့ကို ဘယ်လိုမှ ဖျောင်းဖျ၍မရသော...

သင်ခန်းစာ

“သားရေ၊ ယုန်လေးတွေ သွားကြည့်ရအောင်ဟေ့” အဖေက ကျွန်တော့်ကို သဘာဝကိုချစ်တတ်လာအောင်သင်ပေးခဲ့သည်။ ယုန်လေးတွေက ချစ်ဖို့ကောင်းသည်။  အညိုရောင်တွေ၊ မီးခိုးရောင်တွေတော့ မကြိုက်။ အဖြူရောင်လေးတွေကိုပဲ ချစ် သည်။  သူ့အမွေးတွေက  ဖြူပြီးနုပျော့နေသည်။  နားရွက်ကလေးများ ထောင်နေပုံ၊ ကုပ်နေပုံ အမျိုးမျိုး  အဖေ့ကိုပြန်ပြောပြသောအခါ  အဖေသဘောကျနေတတ်သည်။ ယုန်မွေးချင်တယ်ဟု အဖေ့ကို ပြောမိ တော့ ဘာကြောင့်လဲတဲ့ အဖေက မေးသည်။  ကျွန်တော်ကလည်း မဆိုင်းမတွဘဲ ချစ်လို့ပေါ့ အဖေရဲ့ ဆိုတော့ မင်းက ဒုက္ခခံနိုင်လို့လား။  သူတို့ချေးက သိပ်နံတာနှောတဲ့။ နှာခေါင်းကိုပါ ရှုံ့ပြသည်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ သိပ်ကိုမွေးချင်နေသည်။ “ယုန်မွေးတဲ့ဦးလေးကြီးဆီ သွားပြောပေါ့ကွာ” အဖေက ကျွန်တော့်ကို ပြောရဲဆိုရဲရှိလာအောင် သင်ကြားပေးခဲ့သည်။ ကျွန်တော်ကတော့ ဘယ်ကြောက်မလဲ၊  အဖေ့သားပဲဟာ  ဦးလေးကြီးကိုသွားပြောတော့ ဦးလေးကြီးက အဖေ့လိုပဲ သူတို့ ချေးက သိပ်နံတာကွတဲ့။  နှာခေါင်းရှုံ့ပြသည်။  ဦးတောင် မွေးနိုင်သေးတာ သားလည်း မွေးနိုင်ရမှာပေါ့ ဟုပြောတော့  အဖေကော ဦးလေးကြီးပါ  သဘောကျသွားသည်။ ဘယ...