Skip to main content

Posts

Showing posts from October, 2019

ရွှေ့ပြောင်းအခြေချသူတွေ

ပြတိုက်လို့ ဆိုရလိုက်ရင် ရှေးဟောင်းရှားပါးပစ္စည်းတွေနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ပတ်သတ်တာမျိုးလို့ ထင်ထားခဲ့မိတယ်။ ပြောင်းရွှေ့အခြေချနေထိုင်မှုနဲ့ပတ်သက်တဲ့ ပြတိုက်ကို ကျောင်းကအစီအစဉ်နဲ့ရောက်တော့မှပဲ အဲဒီအတွေးက ဖတ်ခနဲ ကျွတ်ကျသွားရတယ်။ သာမာန်လူတွေရဲ့ သာမာန်ပစ္စည်းလေးတချို့ကို ပြထားတဲ့အထပ်တခုလည်းရှိနေတယ်။ ပြတိုက်က ကိုလိုနီပြုကျင့်ခြင်းကနေ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုကိုဆောင်ကျဉ်းပေးခဲ့တယ်လို့ ဖြန့်ဝေမှုမျိုးနဲ့ ဆောက်ခဲ့ပေမယ့် ခေတ်တွေကြာတော့ ပြောင်းသွားခဲ့တယ်။ ရှက်ရွံ့မိပေမယ့် ရှိခဲ့တဲ့သမိုင်းတခုပေါ့လို့ သုံးနှုန်းသွားခဲ့တယ်။ ဖျောက်ဖျက်ပစ်တာမျိုးထက် အမှားကိုပြန်ဖွင့်ပြထားတယ်။ ပထမဆုံးစတွေ့တာကတော့ ပန်းရန်ဆရာတွေကိုင်တဲ့ သန်လျက်တချောင်းနဲ့ ဆင်းဂါးအပ်ချုပ်စက်တလုံး။ ကိုယ်နဲ့လုံးဝမစိမ်းနေတဲ့အရာပေမယ့် ပြတိုက်ထဲမှာ တခမ်းတနားကြီး မြင်လိုက်ရတယ်။ အီတလီကပြောင်းရွှေ့လာပြီးတော့ အဆောက်အဦတွေ အများကြိ်းဆောက်ပေးခဲ့တဲ့ ပန်းရန်ဆရာတယောက်ရဲ့ သန်လျက်တဲ့။ ပြီးတဲ့ တနယ်တကျေးကလာပြီး ဘောလုံးကန်ခွင့်ရဖို့ အားထုတ်ခဲ့ရသူတဦးရဲ့ဘောကန်ဖိနပ်လေးတရံ။ စစ်ထဲမှာပါသွားပြီး ဂျာမာန်လက်မှာ အဖမ်းခံရတဲ့ ဂျူးတယောက်ဆီကို သူ...