Skip to main content

Posts

Showing posts from May, 2020

ကိုဗစ် -၁၉ ဆေးရှာပုံတော်

တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါသည် ယနေ့အချိန်အထိ လူပေါင်းလေးသန်းခန့်ကို ကူးစက်ခဲ့ပြီး သုံးသိန်းနီးပါးခန့်ကို သေဆုံးစေခဲ့ပြီးဖြစ်ကြောင်း အတည်ပြုထားသည်။ ဗိုင်းရပ်စ်ပိုးမှ အစပြုခဲ့သည့်ရောဂါဖြစ်နေသည့်အတွက် လက်ရှိအချိန်အထိ ကုသနိုင်သည့်ဆေးဝါးမရှိသေးဘဲ ရှာဖွေကြဆဲအဆင့်တွင်သာ ရှိသေးသည်။ ထိုသို့ရှာဖွေကြရာတွင် တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသကဲ့သို့ အမျိုးမျိုးတွေးတောကြံဆမှုများ ရှိကြရာ အချို့က သိပ္ပံတွေ့ရှိချက်များပေါ်တွင် အခြေခံကြပြီး အချို့ကတော့ တွေးတောကြံဆမှုသက်သက်သာလျှင် ဖြစ်ကြသည်။ ဤစာတွင် စမ်းသပ်ဆောင်ရွက်မှုအဆင့်များတွင် ရှိနေသော ဆေးဝါးများနှင့် စမ်းသပ်ဆောင်ရွက်နေသည့် သုတေသနများကို တင်ပြသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ ဝင်ငွေနည်းနိုင်ငံများအတွက် စဉ်းစားရမည့်အချက်အချို့ကို ဆွေးနွေးသွားပါမည်။ ကောလာဟလများ ကုသသည့်ဆေးဝါးများအဆင့်တွင် မရှိနေသာ်လည်း ကုသနိုင်သည်ဟု သတင်းပျံ့နှံ့ခဲ့သည့် ကောလာဟလများသည်လည်း ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်သော် လူမှုကွန်ရက်အသုံးပြုသူများကြား၌ မျှဝေမှုများ များပြားသွားခဲ့ရသည်ကတော့ တမာရွက်ပြုတ်လျှင်ပျောက်သည်ဆိုသည့် အယူအဆ...