Skip to main content

Posts

Showing posts from April, 2025

ကျောင်းခေါင်မိုးက ဝင်လာတဲ့ နေပြောက်တွေ

  ဟိုမှာပေါ့ ခေါင်မိုးပေါက်က နေပြောက်လေး။ ကျွန်တော် မင်သက်ပြီး ငေးမောနေမိတယ်။ ဒါဟာ ဘုရားသခင်က လှမ်းထိုးလိုက်တဲ့ မီးရောင်လေးပဲလားမသိ၊ ကျွန်တော်တို့ ကြောင်တွေလို လိုက်ပြေးဖမ်းမိကြတော့မယ်လေ။ ဒါမှမဟုတ်လည်း နေပြောက်ကို ကောက်စားဖို့လုပ်နေတဲ့ ကြက်မတစ်ကောင်ပေါ့။ ကျွန်တော် ငယ်ငယ်တုန်းကလို ပြေးဖမ်းလိုက်ချင်မိသေးတယ်။ အဲဒီအထဲမှာ ပြန်မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့ နေ့ရက်အဟောင်းတွေလည်း ပါနေတယ်လို့ ကျွန်တော့်မသိစိတ်က တိုးတိုးတိတ်တိတ်လာပြောပြနေတယ်။ ဒါဟာ ကျွန်တော်တို့ လိုက်ပြီးဖမ်းခဲ့ဖူးတဲ့ နုပျိုသော နေရောင်ခြည်တွေပဲပေါ့။  တဖြည်းဖြည်းလား ရုတ်တရက်လားမသိလိုက်နိုင်တဲ့ အချိန်အတိုင်းအတာကာလလေးတစ်ခုမှာ အဲဒီနေပြောက်ကလေးက သူ့ကိုယ်သူ ချဲ့ကားပစ်လိုက်ပုံမျိုးပဲ။ ခေါင်မိုးပေါက်က ခုန်ဆင်းရောက်လာတယ်။ ဒါဟာ ကြီးရင့်သွားပြီဖြစ်တဲ့ နေရောင်ခြည်တွေဖြစ်မှာပေါ့။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ယောက်တော့ ပါလာမယ်လေ။  ချဲ့ကားလာတဲ့နေရောင်ကြီးအောက်မှာ ပိုပြီးသေးငယ်သွားရတဲ့ ကျွန်တော်တို့ဘဝတွေပေါ့။ ကျွန်တော် ရယ်လိုက်မိသေးလားမသိလိုက်ဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေက နှစ်အစိတ်လောက်က ကျောင်းဆောင်ကြီးထဲမှာ စာတွေအော်ဆိုနေမိပ...

Buildings damaged by Earthquake in Mandalay

Microsoft AI4G Lab ran their damage assessment AI models on images provided by Planet and have mapped out the affected buildings. While the data provides a valuable first look, it should serve as a preliminary guide and will require on-the-ground verification for a complete understanding.