Skip to main content

Posts

Showing posts from June, 2025

အရိပ်မဲ့ပြဇာတ်

ခဏလောက်ပျောက်သွားတဲ့အရိပ်အတွက်ပဲ ကျနော့်အသက်ကို ငင်ငင်နေရတယ်။ တစိမ့်စိမ့်ယိုစီးကျနေတဲ့ ချွေးစက်တွေနဲ့ ဘယ်တုန်းကမှ မထွက်ဖြစ်တော့တဲ့ မျက်ရည်တွေပေါ့၊ သူတို့ ဒီနေ့ အချိန်းအချက်လုပ်ထားကြသတဲ့။ အများကိုပြဖို့လိုတဲ့ မျက်နှာကိုတော့ လက်တစ်ဖက်နဲ့ ဖြတ်ခနဲ ဆွဲသုတ်လိုက်တယ်။ ကြွင်းကျန်ရစ်တဲ့ အရေပြားပေါ်က အစအနတွေက အတူထားရှိခဲ့ကြဖူးတဲ့ အိပ်မက်တွေပါပဲ။ တခါတခါ အတူတူငေးမောကြည့်ခဲ့ရတဲ့ တိမ်တိုက်တွေပဲပေါ့၊ ဟိုးအဝေးတနေရာရာမှာ သွားပြီးရွာချနေတယ်။ လွမ်းလွမ်းနဲ့မောမောပဲ ကိုယ့်ရဲ့နေ့စဉ်ဘဝကို ပွတ်သပ်မွေးမြူထားရတယ်။ မစီးဖြစ်တော့တဲ့ လေယာဉ်တွေကိုလည်း စက္ကူနဲ့ခေါက်ထားသလိုစိတ်နဲ့ပဲ ဝေးလေကောင်းလေ ပစ်ပစ်ထုတ်နေရတယ်။ ကျန်နေရစ်တဲ့ မီးခိုးတန်းကပဲ ကိုယ့်ဘဝရဲ့ စိတ်ကူးတိမ်တိုက်လိုမျိုး ကိုယ့်ဘဝကို ဝံ့ကြွားစိတ်အပြည့်နဲ့ ကိုယ်ကိုယ်တိုင်မီးရှို့ပစ်လိုက်တယ်။ ဟေး၊ ဘယ်နှစ်ခါမြောက်ပွင့်တဲ့ပန်းက ငါ့ပန်းအိုးအတွက်လဲ။ စိုက်ပျိုးထားတဲ့အတိုင်းရိတ်သိမ်းရမယ်ဆိုတာ မင်းကြားဖူးလား။ ဘဝတစ်ခုလုံးထည့်ပြီးထားတာတောင် ပန်းတစ်ပွင့်မရတဲ့ စိုက်ခင်းကြီးမှာ ငါက ဘာကို ပစ်ပစ်ချနေမိတာပါလိမ့်။ သူ မမြင်နိုင်တော့ဘူး၊ သူ မကြားနိုင်တော့ဘူး၊ သူ မဖတ်နိုင်တော့ဘူး။ ငါ...