Skip to main content

Posts

ရန်ဂို

Rango- ဝတ္ထုကို မြန်မာဘာသာဖြင့် ယခုရရှိနိုင်ပါပြီ။ Dirt (ပေတူး) လို့ ခေါ်တဲ့ မြို့ရဲ့ ရဲအရာရှိဖြစ်လာတဲ့ ပျောက်ဆုံး အိမ်မွေး ပုတ်သင်ညို ရဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကို ဖတ်ဖို့ ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့။ ရ ေအားလုံးကိုခိုးယူတဲ့ ဓားပြတွေလက်ကနေ မြို့ကိုကယ်တင်ဖို့ ကြိုးစားရင်း သူ့ရဲ့စွန့်စားခန်းတွေကို လိုက်လုပ်ပါ။ ဤစာအုပ်သည် Paramount Pictures နှင့် Nickelodeon Movies တို့၏ နာမည်ကြီးကာတွန်းရုပ်ရှင်ကို အခြေခံထားပြီး ကလေးစာအုပ်ပေါင်း 600 ကျော်ကို စာရေးဆရာ Justine နှင့် Ron Fontes မှ ရေးသားထားသည်။ ဟာသ၊ အက်ရှင်နှင့် ဤဝတ္ထု၏ ရောင်စုံဇာတ်ကောင်များကို သင်နှစ်သက်လိမ့်မည်။ ဒီနေ့ပဲ စာအုပ်ကို မှာယူပြီး Rango ကို ခံစားလိုက်ပါ။ 🌵   စာအုပ်ဝယ်ရန်

Privacy Policy for Balance Tracker

  Privacy Policy for Balance Tracker Last Updated: February 16, 2026 This Privacy Policy describes how Balance Tracker ("the App") handles your information. The App is designed as a local-only tool to help users track and forecast financial balances using manual entry and CSV imports. 1. Data Collection and Usage Financial Data: All financial data, account names, and balance histories you enter or import via CSV are stored locally on your device's internal storage. No Server Uploads: We do not operate any external servers. Your data is never uploaded, transmitted, or shared with the developer or any third parties. Persistence: Data is stored using SharedPreferences and Gson to ensure your records remain available when you close and reopen the App. 2. Permissions Used Storage/File Access: The App requests access to your device's file picker only when you explicitly choose to "Import CSV." This is used solely to read the file you select. 3. Data Storag...

နေ့ရက်များ

ကောင်းကင်က ကျနော့်ရှေ့မှာပဲ တအိအိ ပြိုကျလို့နေသည်။ သိမ်းထားသည့်စာအုပ်အဟောင်းများကို ကျနော် လွှတ်ပစ်လိုက်တော့မည်ဟု ပြောလိုက်တော့ သူက ခြောက်ကပ်ကပ်ရယ်နေသည်။ ထိုစာအုပ်အဟောင်းများထဲတွင် စာဖြင့် ရေးမထားသော မှတ်ဉာဏ်တချို့ပါဝင်နေသည်ကိုတော့ ပြောပြဖို့ရန် မလိုလောက်ပါ။ ထိုမှတ်ဉာဏ်များကို မီးရှို့လိုက်လျှင် စိမ်းညှို့ညှို့အနံ့ထွက်နေမည်ဟု သူနှင့်ကျနော် သဘောတူခဲ့ဖူးကြသည်။ စာအုပ်တွေမှိုတက်သလို မှတ်ဉာဏ်တွေကကော မှိုတက်က်သလားတော့ ကျနော်မသိပါ။ သူကော သိပါလိမ့်မည်လားလည်း ကျနော်မသိပါ။ ကျနော် မသိသည့်အကြောင်းကို သူသိမသိကိုလည်း ကျနော် မသိပါ။ ကျနော် မသိသည့်အရာများ မည်မျှများနေလည်း ကျနော် မသိပါ။ ထိုအကြောင်းကို သူ သိမသိလည်း ကျနော်မသိပါဟုသာ ဝန်ခံရပါမည်။ မသိခြင်းတံတိုင်းကြီးက သူနှင့်ကျနော်၏နယ်စပ်မျဉ်းကြီး ဖြစ်နေနိုင်သည်။ ကျနော် မိုးပေါ်မော့ကြည့်လိုက်တော့ ကောင်းကင်ကြီးက ကျန်သင့်သလောက်တော့ ကျန်နေပါသေးသည်။  မနေ့က အဖြစ်အပျက်များကိုတော့ မေ့၍မရနိုင်သေး။ ကျနော်က ဒီနေ့အတွက် ရှင်သန်ဖို့ မေ့နေသော မနေ့ကအိပ်မက်အဟောင်းတခုဟု သူ ပြောဖူးခဲ့သည်ဟု ထင်သည်။ သူကတော့ ဆန့်ကျင်ဘက်ပဲဟု သူကိုယ်တိုင်ကလား ကျနော်ကပဲလား ပြောခဲ့ကြဖူးသည်။ အဖ...

ဒွန်ကွီဟိုတေး ဘာသာပြန်အကြောင်း

၂၀၁၀ နဲ့ ၁၁ မှာ နတ်ရေကန်ဆိုတဲ့ နာမည်လှလှနဲ့ တောထဲမှာ တနှစ်လောက်နေခဲ့ဖူးတယ်။ မီးမရ ဖုန်းမရ ရွာတွေနဲ့တောင် အလှမ်းဝေးတဲ့ လက်ဖက်စိုက်ခင်းပေါ့။ ဘဘဗိုလ်ချုပ်ကြီးရဲ့ ရွှေဉာဏ်တော် စူးရောက်စွာနဲ့ လက်ဖက်စိုက်ခိုင်းတဲ့ ဒေသမှာ သစ်ကုမ္ပဏီတွေပေါင်းပြီး စိုက်ပြတဲ့နေရာပဲ။ မကွေးတိုင်းထဲမှာ ရှိပြီးတော့ ရခိုင်နဲ့နယ်စပ်၊ အနားမှာ နေကြတဲ့ရွာတွေက ချင်းရွာတွေဆိုတာက အဲဒီတုန်းက ကျနော့်အတွက် အတော်လေးကို ဆက်စပ်ကြည့်ခဲ့ရတဲ့အရာတွေပဲ။ အမှတ်တရရှိခဲ့ရတာတွေထဲကတချို့ကတော့ ခင်စရာကောင်းတဲ့သူတွေနဲ့ ခေါင်းကြီး ငါးလက်မလောက်ကွဲနေတာကို တစက်ကလေးမှ မငိုတဲ့ ကလေးပေါက်စကို ချုပ်ပေးခဲ့ရတာတွေပဲ။ မိုးရွာပြီဆိုရင်လည်း သည်းကြီးမည်းကြီးကို အကြာကြီးရွာနေတာက အထူးအဆန်းပဲ။ အဲဒီလိုနေရာမှာ ကျန်းကျန်းမာမာနဲ့အလုပ်လာလုပ်ကြတဲ့သူတွေချည်းပဲ တရာလောင်လေးပဲရှိတာကို ဆေးခန်းထိုင်ပေးရတာဆိုတော့ အချိန်တွေက အပိုချည်းပဲလို့ ပြောလို့ရတယ်။ အဲဒါနဲ့ပဲ ဘာသာပြန်ကြည့်မယ် အင်္ဂလိပ်စာလည်း တိုးတက်တာပေါ့ဆိုပြီး စစမ်းကြည့်တယ်။ ပထမဆုံးကတော့ ရှားရှားပါးပါးရထားတဲ့ စာအုပ်လေးတအုပ်ကို ပြန်ကြည့်တာပဲ။ အဆုံးမသတ်ပါဘူး။ ဝတ္ထုကလည်း နာမည်ကြီးမဟုတ်ဘဲ အပျော်ဖတ်မျိုးမျိုးသာသာပဲဖြစ်မယ် ထ...

ရောမလက်ကျန် လဗန်ဒါ

(၁) အစီအစဉ်  Do I really look like a guy with a plan? ဆိုတဲ့ ဂျိုကာရဲ့စကား ကြားဖူးလိုက်တဲ့နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုလည်း အဲဒီစကား ပြန်ပြန်သုံးမိတယ်။ တခြားလူတွေကို မပြောဖြစ်ပေမယ့် ကိုယ့်ဖာသာပြန်သုံးသပ်ချက်အရတော့ သေချာအစီအစဉ်ဆွဲပြီး လုပ်တတ်တဲ့လူမျိုး မဟုတ်တာပဲ။ အစီအစဉ်တကျစဉ်းစားထားတာမဟုတ်ဘဲ ကြုံသလိုလုပ်သွားခဲ့မိတာက များများလို့ ကိုယ့်ဘာသာတော့ ထင်တာပဲ။ မဟုတ်ရင်လည်း အစီအစဉ်တွေချနေရင်တောင်မှု တကယ်လုပ်ဖြစ်တဲ့အချိန်ကျရင် လတ်တလောဖြစ်တဲ့နောက် ယောင်ပြီး ပါသွားတတ်တယ်။ အဲလိုဆိုလို့ ပြုလွယ်ပြောင်းလွယ်ဆိုလားဆိုတော့လည်း မဟုတ်ပြန် ဘူး။ ခေါင်းမာတတ်တာလည်း တော်တော်များပြီး အခြေအနေအရ ပြောင်းလုပ်တာမျိုးလုပ်ဖို့ အတော်ခက်တယ်။ တခုခုဖြစ်လာရင် ဘာမှ သေချာ မတွေးမိတော့ဘဲ လုပ်ပစ်တတ်မိတာပဲ။ အဲလိုရှိလို့လည်း အစီအစဉ်သေချာဆွဲဖို့ ပိုလိုတယ်ဆိုပေမယ့် အစီအစဉ်တွေယောင်းဝါးဝါးဆွဲထားပြီး ကြုံလာတော့ ကြုံသလိုလုပ်မိနေတာချည်းပဲ။ အဲ ဘဝကလည်း ဘယ်လိုပဲ ကြိုစဉ်းစား စဉ်းစား ဖောက်ပြီးတော့ ဖြစ်ချင်တာလည်း ဖြစ်ရတာပဲ။ ခုတခေါက်တော့ ခရီးထွက်မယ်လုပ်ကြတော့ အရင်တခေါက် အူဗာသွားကြတုန်းက ...